လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း ဖွင့်လှစ်

ဗဟန်း    ဇူလိုင်        

         ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ရသစာပေ ဖန်တီးရေးဖွဲ့ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီခွဲတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေး ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း က အဖွင့်အမှာစကား နှင့်သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားပြီး အမျိုးသား စာပေဆုရှင် စာရေးဆရာမောင်ခြိမ့် ကသင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပက်သက်၍ ပြောကြားခဲ့ကြောင်းသိရသည်။    ရသ စာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  အနေဖြင့် ဌာနအတွင်းရှိဝန်ထမ်းများ  ရသစာပေကို နည်းလမ်းမှန်ကန်စွာနားလည်ပြီး ရေးသားတတ်စေရန်ရည်ရွယ်၍ ၅-၇-၂၀၂၆ ရက်နေ့မှ ၃၀-၈-၂၀၂၆ ရက်နေ့အထိ(အပတ်စဉ် တနင်္ဂနွေနေ့တိုင်း)   ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ဌာနခွဲများမှဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အတွင်းရှိ ဦးစီးအရာရှိများစုစုပေါင်း( ၃၂)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။