ဗဟန်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်၁၀ နာရီအချိန်က စာရေးဆရာ ကျော်ကျော်လှိုင်၏ စဉ်းစားမိသောအတွေးများ စာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးနှင့်ဗဟန်း Book Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုး က စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်းပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် စာရေးဆရာမ ညွန့်ညွန့် (ကလော)ကအဖွင့်အမှာစကား ပြောကြားပြီး “အဂတိတရား”ခေါင်းစဉ်ကိုဖတ်ကြားပြီး တက်ရောက် လာကြသော Book Club အဖွဲ့ဝင်များက ဆရာကြီး၏ ဆောင်းပါးများဖြစ်ကြသော “ကျေးဇူးတရား” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ၊”ချမ်းသာတဲ့နိုင်ငံ ဖြစ်စေဖို့”အစရှိသော ဆောင်းပါးများကို ဖတ်ကြားခဲ့ကြပြီးစာအုပ်အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များနှင့် ဆက်လျဉ်း၍ စာရေးဆရာမ ညွန့်ညွန့် (ကလော)ကစာအုပ် နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။ ထိုစာဖတ်ဝိုင်းသို့တက်ရောက်လာကြသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော စာအုပ်စာစောင် များနှင့်နံရံကပ်စာစောင်များအားကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရပါ သည်။





