လူထုအခြေ ပြုဗဟိုဌာန (ဗဟန်း) တွင်Football For Shool Program စာပေစကားဝိုင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း         ဇူလိုင် ၃၁

                  ရန်ကုန်အနောက်ပိုင်းခရိုင်၊    လူထုအခြေပြုဗဟိုဌာန(ဗဟန်း) တွင် အားကစားရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Football For Shool Program စာပေစကားဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကဦး​     ဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး လှိုင်သာယာ(အနောက်) မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်သူဟိန်းက        Football For Shool Program အရဘောလုံးသင်တန်းများ ကို အခြေခံပညာ ကျောင်း (၂၁) ကျောင်းတွင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲများ ကျင်းပပေးနိုင်ခဲ့ ကြောင်းရှင်းလင်းဆွေးနွေးပြီးလသာမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ အထက်တန်းပြ၊ ကာယဆရာ ဦးဆန်းဝင်းတို့က Football For Shool Programအရ ဘောလုံးသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြင့် ကျောင်းသားများ အနေဖြင့် ပိုမိုကျန်းမာကြံ့ခိုင် လာပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့်ပိုမိုဆောင်ရွက်လာနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဘောလုံး သင်တန်းများဖွင့်လှစ်ပေးနိုင်သည့်အတွက် ကျောင်းသားကျောင်းသူများ အ တွက် ပိုမိုကောင်းမွန်သောအကျိုးရလဒ်များရရှိနိုင်တဲ့ အကြောင်း ဆွေးနွေးခဲ့ပြီး စကားဝိုင်းကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။