ဗဟန်း စက်တင်ဘာ ၂၇
ဗဟန်းမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် အသင်း ဂုဏ်ထူးဆောင်နာယကကြီးများဖြစ်သော ပခုက္ကူဦးအုန်းဖေတစ်သက်တာ စာပေဆုရ ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်) နှင့် အနုပညာထူးချွန်ဆုရ၊ (၂၈ နှစ်တိုင် အသင်းဥက္ကဌတာဝန် ဆောင်ရွက်ခဲ့သူ) ဦးကိုကိုလေး (ရန်ကင်းကိုကိုလေး)တို့အားထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကိုယနေ့နံနက် ၁၀န နာရီ က လူထုအခြေပြုဗဟိုဌာန ( ဗဟန်း) community centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗဟန်းမြို့နယ်စာရေးဆရာအသင်း ဥက္ကဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာထွန်းထွန်းဦး ကအဖွင့်အမှာစကား ပြောကြားပြီး ဗဟန်းမြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဌ ဒေါ်နီနီတင်(နီနီ-မြန်မာစာ)မှ ဂုဏ်ပြုခံဂုဏ်ထူးဆောင် နာယကကြီး နှစ်ဦး၏ကိုယ်ရေးအကျဉ်းအားဖတ်ကြားခဲ့ကြောင်းသိရသည်။ဆက်လက်ပြီးစာရေးဆရာဒေါက်တာ မြင့်နိုင်(ဆရာဥဂ္ဂါညို)နှင့် စာရေးဆရာ ဦးဘုန်းစံ ( ရွှေဘုန်း)တို့မှ ရတုများကို ဂုဏ်ပြုစွာရွတ် ဖတ်ခဲ့ကြောင်းသိရသည်။
ထို့နောက်ဂုဏ်ပြုခံ နာယကကြီးနှစ်ဦးအားအမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီးဂုဏ်ပြုခံ နာယကကြီးနှစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။အခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းကြသောအလှူရှင်များအားဂုဏ်ပြုလွှာ ပေးအပ်ပြီး နောက်ဗဟန်းမြို့နယ်စာရေးဆရာအသင်း ဥက္ကဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာထွန်းထွန်းဦးက နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနား ကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။







