လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ခေတ်ကြေးမုံ သုတ၊ရသစာပေပျိုးခင်း ရသစာစဥ် ( ၁၆) စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကျင်းပ

ဗဟန်း                                    အောက်တိုဘာ      ၁၁

              ခေတ်ကြေးမုံ သုတ၊ ရသစာပေပျိုးခင်း ရသစာစဥ် ( ၁၆) စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာစာပေညီအစ်ကိုမောင်နှများ၊စာပေမိတ်ဆွေများ၊အဆိုပါစာအုပ်တွင်ပါဝင်ရေးသားထားကြသူများ၊ ဖိတ်ကြား ထား သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင်ရသစာစဥ်နာယက ဆရာ အောင်ကျော်ဆွေ၊ ဆရာသော်ဝင်းကြည် ( ရေနံချောင်း)၊ အမျိုးသားစာပေဆုရ ဆရာဆောင်းဝင်းလတ်၊ ရန်ကင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မအေးပွင့် ( ခင်တင့်ဝေ) မြို့တော်စည်ပင်၊ ကဗျာဆရာကြီး ဆရာအောင်ဇင်မင်းနှင့် ဆရာမ သဥ္ဇာလှိုင် – လားရှိုးတို့က မုဒိတာစကားများ ပြောကြားကြသည်။ ဆက်လက်၍ ရွှေခင်စာပေ ထုတ်လုပ်သူ ရသစာစဥ် တာဝန်ခံအယ်ဒီတာ ဆရာမ ဝင်နီက မိတ်ဆက်စကားပြောကြားပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကနုတ်ခွန်းဆက်စကား ပြောကြားကာရသစာစဥ်စာတည်းမှူးချူပ်ဆရာမြင့်မြတ်အောင်မြင်က နိဂုံးချုပ်စကားပြောကြား ပြောကြားခဲ့သည်။

အခမ်းအနားတွင် အဆိုပါစာအုပ်၌ ပါဝင်ရေးသားခဲ့ကြသည့် ကလောင်ရှင်များကကဗျာများကိုရွတ်ဖတ်ခဲ့ကြပြီးစာအုပ်စီစဥ်သူ ဆရာမြင့်မြတ်အောင်မြင်က လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်အား စာအုပ်လက်ဆောင်ပေးအပ်သည်။  ဆရာမြင့်မြတ်အောင်မြင်အား United World Peace Institute မှ Peaceful Mind & Positive Spirit ဆု ပေးအပ်ချီးမြှင့်သည့်အတွက်ဂုဏ်ပြုသည့်အနေဖြင့်  ဆရာမြင့်မြတ်အောင်မြင်အား ဆရာမမအေးပွင့်က ဂုဏ်ပြု ပန်းစည်းလက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါ ခေတ်ကြေးမုံ သုတ၊ ရသစာပေပျိုးခင်း ရသစာစဥ် ( ၁၆ ) ကို စာရေးဆရာ ဆရာမြင့်မြတ်အောင်မြင်က စီစဥ်ပြီး စာအုပ်တွင် ကဗျာ ၄၇ ပုဒ်၊ ဆောင်းပါး ကိုးပုဒ်၊ အက်ဆေး ခြောက်ပုဒ်၊ တစ်မျက်နှာဝတ္ထုတို ရှစ်ပုဒ်၊ သုံးကြောင်းကဗျာ လေးပုဒ်၊ ဝတ္ထုတို ခြောက်ပုဒ်တို့ကို ကလောင်စုံက ပါဝင်ရေးသားထားကြကြောင်းသိရသည်။