Community Centre

ဗဟန်းမြို့နယ်၌၂၀၂၆-၂ဝ၂၇ဘဏ္ဍာရေးနှစ်တည်ဆဲအခွန်ဥပဒေများအရလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း           ​မေ              ၁၁            ပြည်တွင်းအခွန်များဦးစီးဌာန၊ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တည်ဆဲအခွန်ဥပဒေများအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းတွင်ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center ၌ကျင်းပသည်။ ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားပြီးဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှမြို့နယ်အခွန်ဦးစီးဌာနမှူးဦးရဲဝင်းနိုင်ကအခွန်ဆိုင်ရာကိစ္စရပ်များကိုပြည်သူများအားရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍အခမ်းအနားတက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့​ကြောင်းသိရှိရသည်။  …

Read More

ဗဟန်းမြို့နယ်တွင်ရက်၁၀၀စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ဗဟန်း                      ​မေ                     ၉             ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်UID…

Read More

ဗဟန်းမြို့နယ်တွင်ရက်၁၀၀စီမံချက်ဖြင့်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်၊ကင်းရှင်းစေရေးဆောင်ရွက်လျက်ရှိ

ဗဟန်း ​             မေ                     ၉   ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ၊မြန်မာပလာဇာရှေ့တွင် ဗဟန်းမြို့နယ်အတွင်းယာဉ်အန္တရာယ်၊လမ်းအန္တရာယ်၊ကင်းရှင်းရေးရက်၁၀၀စီမံချက်ဖြင့်ယ​နေ့နံနက်ပိုင်းတွင်​ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကြီးကြပ်မှုဖြင့်ဗဟန်းမြို့နယ်အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊တပ်ဖွဲ့စုမှူးဒုတိယရဲမှူးချစ်မင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမင်းစိုးနှင့်ရုံးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်​ဆောင်ရွက် ခဲ့ကြသည်။ အဆိုပါပူပေါင်းအဖွဲ့သည်၊ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအစီအစဉ်အရလူကူးမျဉ်းကျားမှအများပြည်သူများဖြတ်သန်းသွားလာမှုရှိစေရေးလူကူးမျဥ်းကျားတွင်လမ်းကူးသူများအားလက်တွဲဖေးမလမ်းကူးခြင်း၊မော်တော်ယာဉ်များအနေဖြင့်၂၀၂၀ပြည့်နှစ်ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စိမံခန့်ခွဲမှုဥပဒေနှင့်အညီမောင်းနှင်စေရေးမော်တော်ယာဉ်စီးရေ၂၀၀စီးခန့်အားလည်းကောင်းအသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်မှုခင်းအသိပညာပေးနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

ဗဟန်း          မေ                  ၇   ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ  Community Center ၌ ယနေ့နံနက် ၁၀နာရီကမှုခင်းအသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ…

Read More

လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ စာရေးဆရာ ‌ဆောင်းလုလင်၏ “ထီးလိုလို မှိုလိုလို” ရှပ်ရှင်အသွင်ပြောင်း ဝတ္ထုတိုများ စုစည်းမှု စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ဗဟန်း        မေ         ၁၀          ရန်ကုန်တိုင်း‌ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ စာရေးဆရာ ‌ဆောင်းလုလင်၏ “ထီးလိုလို မှိုလိုလို” ရှပ်ရှင်အသွင်ပြောင်း ဝတ္ထုတိုများ စုစည်းမှု စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောခြင်း၊…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ အင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ

ဗဟန်း                       မေ            ၅ ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centreခန်းမတွင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန နှင့်ကမာရွတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော  အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပ ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင်…

Read More

ရသစာစဥ် စာအုပ်ထုတ်ဝေခြင်း လေးနှစ်ပြည့် အခမ်းအနားကျင်းပ

ရသစာစဥ်စာအုပ်ထုတ်​ဝေခြင်း​လေးနှစ်ပြည့် အထိမ်းအမှတ်စာ​ရေးဆရာများ ​တွေ့ဆုံပွဲကိုယ​နေ့ နံနက်ပိုင်းတွင်ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ ကျင်းပခဲ့သည်။ ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရသစာစဉ်အဖွဲ့ နာယက ဆရာမှော်ဝန်းကြည်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စာရေးဆရာသန်လျင်မောင်မောင်ဦး ၊ ရသစာစဉ်အဖွဲ့နာယက ဆရာမကြီးလေးခင် (တော်ဝင်ပန်း)တို့ကအသီးသီးအမှာစကားများ​ပြောကြားကြသည်။ ယင်းနောက်စာရေးဆရာ…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ဗဟန်း        ဧပြီ          ၂၄            ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယမန်နေ့ နေ့လည် ၁နာရီအချိန်က  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။            ရှေးဦးစွာ     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က  စာပေအမျိုးအစားများအကြောင်း၊ စာပေဖတ်ရှု့ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ ၊စာပေ မဖတ်ရှု့ခြင်းကြောင့် တွေ့ကြုံရသောအခက်အခဲများအကြောင်းကို…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်စာရေးဆရာကြီးထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း        ဧပြီ        ၂၈   ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ၁ နာရီအချိန်က ထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုး၊ဗဟန်းBook Clubအဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်နှင့် စာပေ ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာစာရေးဆရာသမိုင်းမြို့မဘုန်းတေဇ၊စာရေးဆရာမ တင့်တယ်ခင် ၊စာရေးဆရာမညွှန့်ညွှန့်(ကလော) ၊စာရေးဆရာအောင်ချစ်မိုး တို့ကမုဒိတာစကားပြောကြားပြီးဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကကျေးဇူး တင်စကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်      မြန်မာ့တံခွန် အယ်ဒီတာချုပ်ဆရာဦးသူရဇော်ကအဖွင့်အမှာစကားပြောကြားပြီး ဆောင်းပါးရှင်စာရေးဆရာထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”  ဆောင်းပါးကိုဖတ်ကြားပြီးတက်ရောက်…

Read More