Community Centre

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ဗဟန်း        ဧပြီ          ၂၄            ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယမန်နေ့ နေ့လည် ၁နာရီအချိန်က  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။            ရှေးဦးစွာ     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က  စာပေအမျိုးအစားများအကြောင်း၊ စာပေဖတ်ရှု့ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ ၊စာပေ မဖတ်ရှု့ခြင်းကြောင့် တွေ့ကြုံရသောအခက်အခဲများအကြောင်းကို…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်စာရေးဆရာကြီးထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း        ဧပြီ        ၂၈   ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ၁ နာရီအချိန်က ထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုး၊ဗဟန်းBook Clubအဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်နှင့် စာပေ ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာစာရေးဆရာသမိုင်းမြို့မဘုန်းတေဇ၊စာရေးဆရာမ တင့်တယ်ခင် ၊စာရေးဆရာမညွှန့်ညွှန့်(ကလော) ၊စာရေးဆရာအောင်ချစ်မိုး တို့ကမုဒိတာစကားပြောကြားပြီးဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကကျေးဇူး တင်စကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်      မြန်မာ့တံခွန် အယ်ဒီတာချုပ်ဆရာဦးသူရဇော်ကအဖွင့်အမှာစကားပြောကြားပြီး ဆောင်းပါးရှင်စာရေးဆရာထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”  ဆောင်းပါးကိုဖတ်ကြားပြီးတက်ရောက်…

Read More

ဗဟန်းမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ

ဗဟန်း          ဧပြီ       ၁၄   ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၊ကျိုက္ကဆံရပ်ကွက်၊ဗိုလ်စိန်မှန်လမ်း၌၁၃၈၇ခုနှစ်၊ခရစ်နှစ်၂၀၂၆ခုနှစ်၊မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ဗဟန်းမြို့နယ် အေးချမ်းခြင်းမြို့တော် ဖျော်ဖြေရေးမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်နှင့် သနပ်ခါးမဏ္ဍပ်များ ဖွင့်ပွဲအခမ်းအနားများအားယမန်​နေ့ည​နေပိုင်းတွင်အမှတ်(၈၀/၈၁)၊ ဗိုလ်စိန်မှန်လမ်း၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်၊မြို့နယ်စီမံ  ခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးရုံး​ရှေ့၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံဝင်းကနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား‌ပြောကြားပြီး  တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးသည်။ ဆက်လက်၍ယိမ်းအဖွဲ့များကမြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေပြီး အတာရေပက်ဖျန်းကြသည်။ အခမ်းအနားသို့တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ဗဟန်း     ဧပြီ       ၂၁   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကမာရွတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Centre ခန်းမ၌ ပြုလုပ်သည်။ ရှေးဦးစွာကမာရွတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီနီအေးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် နှင့်သင်တန်း နည်းပြဆရာဦးလှသိန်းကသင်ကြားပို့ချမည့်ဘာသာရပ်များကိုပြောကြားကြောင်းသိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ကမာရွတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီနီအေးနှင့်အဖွဲ့ဝင်များ၊ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်းနှင့်အဖွဲ့ဝင်များနှင့်သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Read More

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ရုံးစာရေးးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

ဗဟန်း ဧပြီ           ၂၀ ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) ရှိ ဘက်စုံ သုံးခန်းမတွင်ယနေ့နံနက်၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိဝန်ထမ်းများဖြင့်   ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ကို ဖွင့်လှစ်သင်ကြား လျက် ရှိကြောင်းသိရှိရသည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်ပွဲ အမှာစကား ပြောကြားခဲ့ပြီး သင်တန်း၌  ရုံးလုပ်ငန်းသဘောတရားနှင့် စာရွက် စာတမ်း ထိန်းသိမ်းခြင်းဘာသာရပ်ဖြင့်စတင်သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။ အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊…

Read More