မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့် တွေ့ဆုံဖျော်ဖြေပွဲကျင်းပ
ဗဟန်း ဇွန် ၂၀ ဗဟန်းလူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ယနေ့မွန်းလွဲ၁နာရီမှ၃နာရီအထိမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကိုကျင်းပခဲ့ပါသည်။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းကမြန်မာဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပရခြင်းရည်ရွယ်ချက်အားပြောကြားခဲ့ပါသည်။ဆက်လက်၍ဂန္တဝင်အဆိုတော်ကြီးများဖြစ်သည့် ခင်မောင်ကြီး၊ တင်ဦးလေးနှင့် ကေတုဝင်းထွဋ်တို့က သီဆိုဖျော်ဖြေခဲ့ပါသည်။ အဆိုပါအဆိုတော်ကြီးများအားရန်ကုန်တိုင်းဒေသကြီးညွန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်တို့ကအမှတ်တရဂါရဝလက်ဆောင်များချီးမြှင့်ခဲ့ပါသည်။ထို့နောက်U-70အဖွဲ့မှအဆိုတော်များအဆိုတော်ရွှေယမင်းဦးနှင့် ဝါသနာရှင်များမှသီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရှိရပါသည်။
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centerခန်းမ၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ် (၄/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ
ဗဟန်း ဇွန် ၁၅ ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာVIP.AFS၂၄နာရီကျန်းမာရေးအထောက်အကူပြုမှ ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃နာရီ ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ သင်တန်းဆင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးကျော်မြင့်အောင် နှင့် ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံဝင်းတို့က သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီးသင်တန်းတွင်ထူးချွန်စွာသင်ကြားခဲ့ကြသောသင်တန်းသားသင်တန်းသူများကိုဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရပါသည်။ထို့နောက်ဗဟန်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီတင်၊ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်း နှင့်ဗဟန်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌတို့ကဗဟန်းမြို့နယ်ကြက်ခြေနီအသင်းသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ကမာရွတ်ခရိုင်ကြက်ခြေနီအသင်းဥက္ကဌဦးအောင်ကြည်ကသင်တန်းဆင်းလက်မှတ်များပေးအပ်ပြီးMESIကောလိပ်မှဆရာဇင်ဖြိုးပိုင်ကကျေးဇူးတင်စကားပြောကြားကာအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။…
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ
ဗဟန်း ဇွန် ၁၈ ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲ ၊ ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဟောပြောပွဲ၊ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲကို ယနေ့နံနက်၁၁နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ဦးစီးအရာရှိ ဦးရန်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က မူးယစ် ဆေးဝါး၏အဓိပ္ပါယ်၊မူးယစ်ဆေးဝါးအမျိုးအစားများ၊မူးယစ်ဆေးဝါးကြောင့်ဖြစ်တတ်သောရောဂါများအကြောင်းနှင့်ဆိုးကျိုးများအကြောင်းကို”ရှောင်လေဝေးဝေးမူးယစ်ဆေး”ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြောင်းသိရပါသည်။ ထို့နောက်တက်ရောက်လာကြသောကျောင်းသားကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ဉာဏ်စမ်းပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီရေးဆွဲပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်း ပြသ ထားသော ဗဟုသုတရရှိစေသည့်…