လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှရှေးဦးပြုစုခြင်း (သာမာန်) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်
ဗဟန်း ဩဂုတ် ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း) လူထုအခြေပြု ဗဟိုဌာန၌ ကမာရွတ်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ရှေးဦး ပြုစုခြင်း(သာမာန်)သင်တန်းဖွင့်ကို ယနေ့နံနက် ၉နာရီ ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ သင်တန်းဖွင့်ပွဲတွင်ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးအောင်ကြည် က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းတပ်ခွဲမှူး ဦးအောင်ကိုဦး ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ကိုပြောကြားခဲ့ကြောင်းသိရပါသည်။ဤသင်တန်းတွင်ရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီးအချိန်၅ရက်ကြာသင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။ အဆိုပါသင်တန်းတွင်…
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ သင်တန်းများ ဆက်လက်သင်ကြားလျက်ရှိ
ဗဟန်း ဩဂုတ် ၁၆ ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ရသစာပေ ဖန်တီးရေးဖွဲ့မှုသင်တန်းနှင့်လုပ်ငန်းခွင်အင်္ဂလိပ်စာ အရည်အချင်း မြှင့်တင်ခြင်းသင်တန်းများကိုဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနအတွင်းရှိဝန်ထမ်းများမရှိမဖြစ်လိုအပ်သောအင်္ဂလိပ်စာအရည်အချင်းကို မြှင့်တင်ပေးရန်၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ယုံကြည်မှုရှိရှိဆောင်ရွက်နိုင်သည့် စွမ်းရည်မြှင့်ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်၍လည်းကောင်းဖွင့်လှစ်ထားသည့်လုပ်ငန်းခွင်အင်္ဂလိပ်စာ အရည်အချင်းမြှင့်တင်ခြင်းသင်တန်းနှင့် ဆောင်းပါးများရေးသားရာတွင် စနစ်တကျရေးသားတတ်စေရန်ဖွင့်လှစ်ထားသည့် ရသစာပေဖန်တီး ရေးဖွဲ့နည်းသင်တန်းများကိုအပတ်စဉ် စနေနေ့တိုင်းသင်ကြား ပို့ချ လျက်ရှိကြောင်းသိရသည်။ အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ဌာနခွဲများမှဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်…
ကမာရွတ်ခရိုင်ဗဟန်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ
ဗဟန်း သြဂုတ် ၁၁ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ဗဟန်းမြိုနယ်ရှိအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။အဆိုပါပွဲတော်တွင်ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့်ခါးလှည့်ကွင်း၊စကားပုံဆက်၊မြှားပစ်၊စက္ကူခေါက် ခွက်ရွှေ့၊ဘောလုံးဖိ၊ဘောလုံးပစ်၊မြှားလှည့်ပြိုင်ပွဲများတွင်ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီးဦးနေလင်းထွန်း၊ရန်ကုန်တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန၊တိုင်းဦးစီးမှူး၊ဒုတိယညွှန်ရေးမှူးချုပ်ဦးမျိုးဝင်းအောင်၊ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ဗဟန်းမြို့နယ်ွအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းအကျိုးတော်ဆောင်ဒေါ်ချိုချိုလတ်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးဉာဏစွမ်းရည်ပြိုင်ပွဲများ၊၊စာအုပ်အရောင်းဆိုင်များနှင့်ဌာနဆိုင်ရာပြခန်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ဆက်လက်၍အခမ်းအနားပထမပိုင်းကိုကျင်းပရာဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက“ပညာဘဏ်တိုက်စာကြည့်တိုက်”သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူကအဖွင့်အမှာစကားပြောကြားပြီးစာပေဟောပြောမည့်စာရေးဆရာလင်းသိုက်ညွှန့်(မြန်မာမြေ)အားဂုဏ်ပြုလက်ဆောင်နှင့်ဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုငွေများပေးအပ်သည်။ယင်းနောက်ဗဟန်းမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ၊ကျောင်းသူလေးများက”အပျိုတော်ယိမ်း”သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက”သွေးချင်းတို့ရဲ့မြေ”သီးချင်းဖြင့်ကပြဖျော်ဖြေပြီးးပထမပိုင်း အခမ်းအနားအစီအစဉ် ပြီးမြောက်ခဲ့သည်ဆက်လက်၍အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာဗဟန်းမြို့နယ်၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများက“နပန်းဆံ”သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက“နောင်အင်းလေး”ဖြင့်ကပြဖျော်ဖြေခြင်း၊စာရေးဆရာလင်းသိုက်ညွန့်(မြန်မာမြေ)ကစာပေဟောပြောခြင်း၊ဗဟန်းမြို့နယ်၊ အမှတ်(၂၂)…
ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ၊ဗဟန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ဗဟန်း ဩဂုတ် ၇ ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပပြုလုပ်သော ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းခ၌ ယနေ့မွန်းလွဲ ၁နာရီကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာ ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးဝေဖြိုးမောင်က အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးကြီး ကျော်ဦး ၊ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ…