လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်စာရေးဆရာကြီးထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်
ဗဟန်း ဧပြီ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ၁ နာရီအချိန်က ထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုး၊ဗဟန်းBook Clubအဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်နှင့် စာပေ ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာစာရေးဆရာသမိုင်းမြို့မဘုန်းတေဇ၊စာရေးဆရာမ တင့်တယ်ခင် ၊စာရေးဆရာမညွှန့်ညွှန့်(ကလော) ၊စာရေးဆရာအောင်ချစ်မိုး တို့ကမုဒိတာစကားပြောကြားပြီးဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကကျေးဇူး တင်စကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် မြန်မာ့တံခွန် အယ်ဒီတာချုပ်ဆရာဦးသူရဇော်ကအဖွင့်အမှာစကားပြောကြားပြီး ဆောင်းပါးရှင်စာရေးဆရာထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ” ဆောင်းပါးကိုဖတ်ကြားပြီးတက်ရောက်…