ဗဟန်း ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ၁ နာရီအချိန်က ထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုး၊ဗဟန်းBook Clubအဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်နှင့် စာပေ ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာစာရေးဆရာသမိုင်းမြို့မဘုန်းတေဇ၊စာရေးဆရာမ တင့်တယ်ခင် ၊စာရေးဆရာမညွှန့်ညွှန့်(ကလော) ၊စာရေးဆရာအောင်ချစ်မိုး တို့ကမုဒိတာစကားပြောကြားပြီးဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကကျေးဇူး တင်စကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် မြန်မာ့တံခွန် အယ်ဒီတာချုပ်ဆရာဦးသူရဇော်ကအဖွင့်အမှာစကားပြောကြားပြီး ဆောင်းပါးရှင်စာရေးဆရာထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ” ဆောင်းပါးကိုဖတ်ကြားပြီးတက်ရောက် လာကြ သော Book Club အဖွဲ့ဝင်များက ဆရာကြီး၏ဆောင်းပါးကို ဖတ်ကြားခဲ့ကြပြီးစာအုပ်အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက်စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များနှင့်ဆက်လျဉ်း၍ စာရေးဆရာကြီးထင်လင်းအောင်(ကန့်ဘလူ)၏”ခေါင်းဆောင်ကောင်းတို့၏ပုံရိပ်လွှာ”ဆောင်းပါးနှင့်ပတ်သတ်ပြီး ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်ကပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။ထိုစာဖတ်ဝိုင်းသို့တက်ရောက်လာကြသူများသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသောစာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား ကြည့်ရှု့ အားပေးခဲ့ကြကြောင်းသိရပါသည်။



