ဗဟန်း ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယမန်နေ့ နေ့လည် ၁နာရီအချိန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က စာပေအမျိုးအစားများအကြောင်း၊ စာပေဖတ်ရှု့ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ ၊စာပေ မဖတ်ရှု့ခြင်းကြောင့် တွေ့ကြုံရသောအခက်အခဲများအကြောင်းကို ကျောင်းသားကျောင်းသူလူငယ်လူရွယ်များသိရှိစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်ဟောပြောပေးပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ဉာဏ်စမ်းပြိုင်ပွဲများကျင်းပ၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ ကြောင်းသိရသည်။ ဟောပြောပွဲသို့တက်ရောက်လာကြသောကျောင်းသားကျောင်း သူများကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော ဗဟုသုတရစေသောသုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။



