လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပ
ဗဟန်း မေ ၂၂ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ဗဟန်း မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ဗဟန်းမြို့နယ်ဂီတအစည်းအရုံး၊ RIT(U-70)တို့စီစဥ်ကျင်းပသောမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကိုယနေ့မွန်းလွဲ၁နာရီကရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန(ဗဟန်း)CommunityCenter၌ကျင်းပခဲ့သည်။ ဦးစွာဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှတင့်ကအဖွင့်အမှာစကားပြောကြားပြီးရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းကမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ဆက်လက်၍မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများဖြစ်သောဒေါ်ခင်ခင် ၊ဒေါ်ခင်ထွေးမော် ၊ တက္ကသိုလ် လဲ့လဲ့ တို့ကမြန်မာသံစဉ်ဂန္တဝင်တေးသီးချင်းများကိုဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက်မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများကိုရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းနှင့်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်တို့က ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့သည်။ထိုနောက် RIT (U-70)ကအဆိုတော်များနှင့်ဧည့်သည်တော်အဆိုတော်များက မြန်မာသံစဉ် တေးသီချင်းများကို ဆက်လက်သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။