ဗဟန်း ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ရန်ကုန်အနောက်ပိုင်း ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာအောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ပါ “အားနည်းချက်လား အားသာချက်လား”ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေးပါသည်။ထို့နောက်တက်ရောက်လာကြသည့်Youth Club အဖွဲ့ဝင်များက” အသိမှတ်လေးတော့ ပြုပေးပါ” ၊ “ဖြစ်ချင်တာလေးတွေဖြစ်ခွင့်ရပါစေ” ၊ “မျှော်လင့်ချက်ကိုယ်စီ” ၊ ” ကိုယ့်ရဲ့ပင်ကိုစွမ်းရည် ကဘာလဲ” အစရှိသောခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားပြီး စာအုပ်ပါအကြောင်းအရာများကို အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။
စာဖတ်ဝိုင်းများကိုပြည်သူများနှင့်လူငယ်များစာပေ ဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်အသိပညာဗဟုသုတ တိုးပွား စေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

