၊အသုံးချနက္ခတ္တဗေဒပညာရှင်များ ပဉ္စမအကြိမ်တွေ့ဆုံပွဲ၊ သင်တန်းဆင်းဂုဏ်ပြုပွဲနှင့်W.A.S.K.I-Member ကဒ်များ‌ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဗဟန်း   မတ်     ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ အသုံးချနက္ခတ္တဗေဒင်ပညာရှင်များ ပဉ္စမအကြိမ်တွေ့ဆုံပွဲ၊ သင်တန်းဆင်းဂုဏ်ပြုပွဲနှင့် W.A.S.K.I-Member ကဒ်များ‌ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး နဝင်းစီးပညာရှင်ဒေါက်တာတင်ဦးက ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ဆက်လက်၍ အသုံးချနက္ခတ္တ‌ဗေဒပညာရှင် ဆရာ ရန်နိုင်ကျော် (စက်ြာဝဠာ)ကအခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်နှင့်ကျေးဇူးတင်စကားပြောကြားပြီး နဝင်းစီးပညာရှင် ဒေါက်တာ တင်ဦးက World Astrologers Society Kolkata India ကပေးအပ်သည့်Memberကဒ်များကို လည်းကောင်း၊ အသုံးချနက္ခတ္တ ဗေဒပညာရှင် ဆရာရန်နိုင်ကျော်(စက်ြာဝဠာ)က Online သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များအသီးသီးပေးအပ်ခဲ့ကြသည်။ထို့နောက် တက် ရောက် လာကြသောသင်တန်းသူ၊သင်တန်းသားများဖြင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။