လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများအား တွေ့ဆုံဖျော်ဖြေပွဲ တတိယအကြိမ်ကျင်းပ

ဗဟန်း                      ​ဩဂုတ်    ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် RIT (U-70) မြန်မာသံစဉ်မြတ်နိုးသူများအဖွဲ့တို့ စီစဥ်ကျင်းပသော တတိယအကြိမ် မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကို ယနေ့မွန်းလွဲ ၁ နာရီကရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ၊ဗဟန်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)CommunityCenter၌ကျင်းပခဲ့သည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီး ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးလွင်မြင့် နှင့်RIT (U-70) founder ဦးမြင့်ဖေတို့က မုဒိတာစကားပြောကြားခဲ့သည်။ ဆက်လက်၍မြန်မာသံစဉ် ဂန္တဝင်အဆိုတော်ကြီးများဖြစ်​သော  စည်သူအမေထား ၊ သလ္လာဝတီ လှလှရီ ၊ ဒေါ်မိမိလေး ၊ ဒေါ်အေးအေးသွယ် ၊ ဒေါ်ခင်ညွန့်ညွန့်သန်း တို့ကမြန်မာသံစဉ်ဂန္တဝင်​တေးသီချင်းများကို​ဖျော်​ဖြေတင် ဆက်ကြသည်။

ယင်းနောက်မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများကို RITU70 မြန်မာသံစဉ်မြတ်နိုးသူများအဖွဲ့ က ဂုဏ်ပြုလက်ဆောင်များချီးမြှင့်​ပေးအပ်ခဲ့သည်။

ထို​နောက် RIT (U-70)ကအဆို​တော်များ၊ ဧည့်သည်​တော်အဆို​တော်များ ၊အလှူရှင်များ၊ အမာခံအဖွဲ့များ နှင့် ဧည့်သည်ဝါသနာရှင်များ က မြန်မာသံစဉ် တေးသီချင်းများကို ဆက်လက်သီဆို ဖျော်ဖြေခဲ့​ကြောင်း သိရသည်။