ဗဟန်း ဧပြီ ၁၄
ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၊ကျိုက္ကဆံရပ်ကွက်၊ဗိုလ်စိန်မှန်လမ်း၌၁၃၈၇ခုနှစ်၊ခရစ်နှစ်၂၀၂၆ခုနှစ်၊မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ဗဟန်းမြို့နယ် အေးချမ်းခြင်းမြို့တော် ဖျော်ဖြေရေးမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်နှင့် သနပ်ခါးမဏ္ဍပ်များ ဖွင့်ပွဲအခမ်းအနားများအားယမန်နေ့ညနေပိုင်းတွင်အမှတ်(၈၀/၈၁)၊ ဗိုလ်စိန်မှန်လမ်း၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်၊မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးရုံးရှေ့၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံဝင်းကနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ယိမ်းအဖွဲ့များကမြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေပြီး အတာရေပက်ဖျန်းကြသည်။
အခမ်းအနားသို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများအင်အား(၂၀၀)ဦးကျော်တက်ရောက်ဆင်နွှဲခဲ့ပြီးရွှေရင်အေးစတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။


