ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်
ဗဟန်း ဖေဖော်ဝါရီ ၁၈ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကစာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး စာရေးဆရာညီညီနိုင်ရေးသားသော “အောင်မြင်ရေးသော့ချက်A-Z 26″စာအုပ်ပါ “ရည်မှန်းချက် (Ambition)”ခေါင်းစဉ်ပါအကြောင်းအရာများကိုဖတ်ကြားဆွေးနွေးပါသည်။ထို့နောက်တက်ရောက်လာကြသည့်Youth Club အဖွဲ့ဝင်များက”အောင်မြင်မှုနေပူစာလှုံ”…