လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် ချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့မှထုတ်ဝေသော သုတ၊ရသစာပေပျိုးခင်းစာအုပ်အမှတ်(၁၄)မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
ဗဟန်း ဖေဖော်ဝါရီ ၁ ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (ဗဟန်း) တွင် ယနေ့ နံနက် ၉ နာရီအချိန်ကချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့မှထုတ်ဝေသော သုတ၊ရသစာပေ ပျိုးခင်းစာအုပ်အမှတ်(၁၄) “စဉ့်အိုးလေး”စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ချစ်ခြင်း အက္ခရာ စာစဉ်အဖွဲ့ နာယကများ၊ အယ်ဒီတာအဖွဲ့ဝင်များ၊စာတည်းမှူးချုပ်၊အမျိုးသားစာပေဆုရှင် စာရေး ဆရာကြီးဆောင်းဝင်းလတ်၊ အမျိုးသားစာပေဆုရှင် မိချမ်းဝေ၊ စာပေဗိမာန်စာမူဆုရှင် ဆရာ…